ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Tuesday, March 26, 2013

သူငယ်ချင်း အချင်းချင်း စနောက်လို့ကောင်းတဲ့ ကိတ်မုန့်လေးတွေ...

ဒီကိတ်မုန့်လေးတွေ ပြုလုပ်ခဲ့တဲ့ idea လေးကတော့ သူငယ်ချင်း အချင်းချင်း  ပျော်ရွှင်စွာ  စနောက်ကြဖို့ ဖန်တီးထားတာလေးတွေပါ ။ သူငယ်ချင်းတစ်ယောက်ကို ခြောက်လှန့်ချင်တဲ့အခါ မျိုးပဲဖြစ်ဖြစ် သူငယ်ချင်းကို အစာမကြေအောင် စနောက်ချင်တဲ့ အခါမျိုးတွေမှာ လက်ဆောင်ပေးပို့နိုင်ပါတယ် ။ 





















http://nayminzweman.blogspot.com/2012/02/blog-post_26.html   မှကူးပါသည်

ထူးထူးဆန်းဆန်း ကမ္ဘာ့အကြီးဆုံး ဂဏန်း

မန်မာအခေါ်အရ အုန်းသီး ဂဏန်းဖြစ်ပြီး အုန်းပင်၊ ထန်းပင်ပေါ် တက်လို့ အုန်းသီး၊ ထန်းသီးကို ခြွေချ၊ ညှပ်ချတတ်တဲ့ ဂဏန်းများ ဖြစ်ပါတယ်။ လက်နှစ်ဖက် ဆံ့တန်းလိုက်ရင် ၂ ပေ ခွဲလောက်ထိ ရှည်ထွက်ပါတယ်။ စုစု ပေါင်း အလေးချိန် ၉ ပေါင်လေးပြီး လက်မမှာ ပါတဲ့ အသွားဟာ အင်မတန် ထက်ပါတယ်။ သူ့ကို အုန်းသီး သူခိုးလို့လည်း နာမည်ပြောင် ပေး ထားပါသေးတယ်။ 
ကြည့်လိုက်ရင် ဂဏန်းလို့တောင် ထင်ချင်စရာ မရှိပါဘူး။ ပင့်ကူ အကြီးစား တစ်ကောင်လေ အလားတောင် အရောင်အသွေးနဲ့ အရှယ်အစား ကြောင့် ထင်ရပါတယ်။ နေထိုင်ကျက်စားတဲ့ ဒေသကတော့ အိန္ဒိယသမုဒ္ဒရာနဲ့ အနီးဝမ်းကျင်က နိုင်ငံများ၊ မက်ဂါဒက်စကား၊ သြစတီးလျ နိုင်ငံတို့ မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ Cononut Crab ကို ကမ္ဘာ့အကြီးဆုံး ဂဏန်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ http://www.nayzawlin.com/2013/02/blog-post_5.htmlမှကူးယူပါသည်။
Source by :Ref: wiki
International news for myanmar

လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံြးွေမကြီး

  အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။http://satekuupuyar.blogspot.com/2012/11/blog-post_4257.html

ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိဲုင်းတစ်ခုကိုတွေ့ရှိ

အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင် ရောမသင်္ချိုင်းအတွင်းသို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောမသင်္ချိုင်းသည် ၀င်ပေါက်အတွင်းသို့ ၀င်ရောက်ကြည့်သည့်အခါ ထူးဆန်းအံ့သြဖွယ် ရောမခေတ်ဂူသင်္ချိုင်းတို့၏ အပြင်အဆင်အခမ်းအနားနှင့် လူအရိုးစုများကို တွေ့ရှိရကြောင်း သိရသည်။ ယင်းရောမသင်္ချိုင်းဂူ၏ အစိတ်အပိုင်း အတော်များများသည် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး ဘီစီတစ်ရာစုမှ အေဒီ နှစ်ရာစုခေတ်အတွင်း ရောမတို့၏ အနုပညာလက်ရာများဖြစ်ကြောင်း အီတလီ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောကြားခဲ့သည်။http://satekuupuyar.blogspot.com/2012/11/blog-post_4257.htmlမှကူးယူပါသည်

ဒေါ်လာတစ်သန်းတန် အိမ်ကြီးကိုဝယ်ပြီးမှ အိမ်အောက်တွင် ဧရာမကြွက်တွင်းကြီးတွေ့ရှိ

  ကနေဒါနိုင်ငံအလယ်ပိုင်း မာနီတိုဘာပြည်နယ ၀န်နီပက်မြို့တွင် အမျိုးသမီးတစ်ဦးသည် ဒေါ်လာတစ်သန်းတန် အိမ်တစ်လုံးကို ၀ယ်ယူပြီးသောအခါမှ ၎င်းဝယ်ယူခဲ့သည့်အိမ်သည် စတုရန်းပေ၅၀၀၀ အကျယ်ရှိ ကြွက်တွင်းတစ်တွင်း၏ နှုတ်ခမ်းဝပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရ၍ အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့သည်။ ကာရီဖရိုင်ဒေါ်လာတစ်သန်းတန် အိမ်ကြီးကို ၀ယ်ပြီးမှ အိမ်အောက်တွင် ဧရာမြွကက်တွင်းကြီးတွေ့ရှိဆိုသူသည် ၎င်းအိမ်ကို ယခုနှစ် စက်တင်ဘာလခန့်က ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အိမ်ခြံဝင်းအတွင်းြွကက်များကိုတွေ့ရှိခဲ့ရသည်။

          ယင်းကြောင့်ြွကက်သတ်ဆေးများ အသုံးပြု၍ သုတ်သင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်းြွကက်များကုန်ခန်းသွားခြင်း မရှိသည်ကို တွေ့ရှိရ၍အိမ်ပတ်ဝန်းကျင်ကို သေသေချာချာစစ်ဆေးကြည့်သောအခါမှာ သူမ၏အိမ်သည်ြွကက်တွင်းနှုတ်ခမ်းဝအပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ကာရီဖရိုင်သီသည် ယခင်အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့ရာ ယခင်အိမ်ပိုင်ရှင်ဟောင်းက အဆိုပါကိစ္စ၌ တစ်စုံတစ်ရာသိရှိခြင်း မရှိကြောင်း ၀င်နီပက်တရားရုံးတွင် အောက်တိုဘာ ၆ရက်နေ့က ထွက်ဆိုသွားခဲ့သည်။http://satekuupuyar.blogspot.com/2012/11/blog-post_4257.htmlမှ ကူးယူပါသည်။

ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး

  ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပါမြွေမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပါမြွေကြီးကို မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူက မြွေကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။http://satekuupuyar.blogspot.com/2012/11/blog-post_4257.htmlမှကူးယူပါသည်

Tuesday, March 19, 2013

ငှက်မွှေးတွင်ဆေးရောင်ခြယ်သမှု

ငှက်မွှေးတွင်ဆေးရောင်ခြယ်သမှုဖန်တီးတတ်မယ်ဆိုရင် အရာရာတိုင်းမှာ အလှအပဆိုတာ ရှိပါတယ်တဲ့ ။ လမ်းပေါ်မှာ လွင့်ကျနေတဲ့ ငှက်မွှေးလေးတစ်ခုဟာ အံ့သြစရာကောင်းလောက်အောင် လှပလာအောင်ဖန်တီးလို့ရပါတယ် ။ ကဲ .. ဒီငှက်မွှေးလေးတွေအပေါ်မှာ ဘယ်လိုများခြယ်သလို့ ရလည်းဆိုတာ ..ခံစားကြည့်ကြပါစို့ ။

http://www.thettantcho.com/မှကူးယူပါသည်။။။။
ကျွန်တော် ဘာသားခြား မဟုတ်ပါဘူးဟု ဆိုလာသူ "ဆိုတေး"'ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီးပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။ ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ အထင်လွဲနေတာ ပါ။ ဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်း ကျွန်တော်ရှင်ပြုရဟန်းခံပြီးပါပြီ။ ကျွန်တော့်ဆီကိုဖုန်း ဆက်ပြီး ပုဂံဘုရားပေါ်မှာဖိနပ်စီး တယ်၊ ဘာသာခြားတစ် ယောက် ဆို ပြီး ရစရာမရှိအောင် ပြောလာခဲ့တာပါ။ ဒီနေရာမှာ ရိုက်ကူးရေး တာဝန်ခံ ကိုဇေပါက စီးလို့ရတယ်၊ သီလရှင်ဆရာလေး တစ်ပါးက ဆောက် လက်စနေရာတစ်ခုမို့လို့ စီးလို့ရတယ်ပြောလို့ ကျွန်တော် တို့စီးခဲ့တာပါ။ နောက်တစ်ရက်ကျတော့ အမျိုးသမီးတစ်ယောက်က ဘုရားမှာဖိနပ်စီးတဲ့ကိစ္စ၊ လူမျိုးခြားမဟုတ်တဲ့အကြောင်းကို ဂျာနယ်ကနေတစ်ဆင့် ရှင်းပြပါလို့ပြောလာပါတယ်။ ဒါကြောင့် နိုဝင်ဘာလ(၁၁)ရက် စီးတီးစတားမှာ အဲဒီကိစ္စနဲ့စပ်လျဉ်းပြီး ကျွန်တော်ရယ်၊ ကိုနိုင်ဇော်ရယ်ပေါင်းပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်မှာပါ။ ကျွန်တော့်ရဲ့ မျက်လုံးမျက်ခုံးက ဘာသာခြားနဲ့တူရတဲ့အကြောင်းအရင်းကလည်း အဖေ့မှာအဲဒီလိုသွေးပါလို့တူရတာပါ။ အဖေက လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အမေကလည်း ဗမာစစ်စစ်တစ်ယောက်ပါလို့ ပြောကြား သွားခဲ့ပါတယ်။ Source by :http://yoyarlay.com/