ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Sunday, June 9, 2013

အချိန်ပြည့် အရယ်ရောဂါသူလေး



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးငယ်လေး ကတော့ Xu Pinghui လို့ အမည်ရ ပါတယ်။ အသက် ၁၂ နှစ်အရွယ် တရုတ်မလေး တစ်ဦးပါ။

တရုတ်ပြည်ရဲ့  အနောက်တောင်ပိုင်း Chongqing မြို့ မှာ နေထိုင်ပါတယ်။ သူမမှာ ရောဂါတစ်မျိုး ရှိပါတယ်။ ယင်းကတော့ အရယ်ရောဂါပါ။ စကားလုံးဝ မပြောတတ်ပါဘူး။ အသက် ၂ နှစ်အရွယ်ကစလို့ စကားပြောနိုင် စွမ်း မရှိတော့ပဲ ဆွံ့အသူလေး ဖြစ်သွားရပါတယ်။ သို့ပေမယ့် လုံးဝ ဆွံ့အသူ မဟုတ်ပါဘူး။

စကားပြောဖို့ကြိုးစားတိုင်း ရယ်သံချည်း ထွက်ပါတယ်။ တစ်ခုခု ပြောမယ် ဆိုရင် ရယ်နေတဲ့အသံတွေပဲ ထွက်လာစေတဲ့ အတွက်ကြောင့် သာမန်လူ တစ်ယောက်နဲ့ စတွေ့ရင် အံ့သြစရာပါ။ သို့ပေမယ့် သူမ နဲ့ နေထိုင်တဲ့ မိသားစုကတော့ ရယ်သံနဲ့ နှီးနှောနေတတ်ပြီ ဖြစ်ပါတယ်။ ရယ်သံ ဘယ်နှစ် ချက်ထွက်ရင်၊ ဘယ်လောက်ကြာရင် ဘယ်လို အမူအရာ ပါရင် ဘာကို ဆိုလိုတယ်ဆိုတာကို သူ့ဆရာဝန်နဲ့ မိသားစုက သိရှိ နားလည်ပါတယ်။

ထူးဆန်းတဲ့ ရောဂါတစ်မျိုးပါ။ ဆရာတွေလည်း အဖြေရှာလို့ မထွက်ပါဘူး။ ဝမ်းနည်းစရာရှိလို့ ရင်ဖွင့်ပြောချင်ရင်တောင် ရယ်သံတွေချည်း ကြားနေရမယ့် သူ့မရဲ့  ဘဝက သနားစရာလေးပါ။ ဒီ အတွက် ပြန် လည် ကောင်းမွန်လာမယ့် အခြေအနေ တစ်ခုကို ဆေးပညာရှင် တို့ ကြိုးစားဖော်ထုတ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: duyknow
International news for myanmar

-
http://www.innewsmyanmar.com/2013/06/blog-post_2.html

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး


Photo: ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။ သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။ ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။ “ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ” သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။ Source : News.com.au Read More : <a href=
အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး

တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။

သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။

ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။

“ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”

သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။

Source : News.com.au

Read More : http://www.thettantcho.com/2013/06/blog-post_6879.html

သက်တန့်ချို ဘာသာပြန်သည် ။

ပိုးဟပ် ကွန်မန်ဒိုတပ်ဖွဲ့

 
က်ရုပ်နေရာတွင် အစားထိုးမည့် ပိုးဟပ် ကွန်မန်ဒိုတပ်ဖွဲ့  
Tuesday, June 04, 2013

စက်ရုပ်နေရာမှာ အစားထိုးတော့မယ့် ပိုးဟပ်တွေကို အမေရိကန်နိုင်ငံ
တောင်ကာရိုလိုင်းနားပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ဖန်တီး အောင်မြင်
ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ကတည်းကပါ။

ဒါကို နိုင်ငံတကာက ပိုးဟပ်ဂျိမ်းဆဘွန်းလို့ဆိုပါတယ်။ ပိုးဟပ်ရဲ့ ဦးမင်နဲ့ ဝမ်းဗိုက်က Sensor ကို မိုက်ခရိုက်ကွန်ထရိုလာနဲ့ ချိတ်ဆက်ပြီး လိုသလို ထိန်းချုပ်ခိုင်းစေမယ့် နည်းပညာ သစ် ဖြစ်ပါတယ်။ ကျောပေါ်မှာ Chip ပြားတင်တာတောင် ၀.၇ ဂရမ်သာလေးမှာ ဖြစ်ပြီး ပိုးဟပ်အတွက် အပန်းကြီးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကွန်ထရိုးနဲ့လိုသလို ထိန်းချုပ်ပြီး ခိုင်း စေလို့ ရပါတယ်။ ကင်မရာပါ တပ်ဆင်ပေးထားပါတယ်။

အသုံးပြုမယ့် နေရာကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျတဲ့ မိုင်းတွင်း၊ အိမ်ရာ အဆောက်အအုံများထဲမှာ ကယ်ဆယ်ရေး တပ်သား အနေနဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ သက်ရှင်ကျန်ရှိနေသေးတဲ့ လူတွေကို ရှာဖွေထောက်လှမ်း သတင်းပို့ပေးမှာ ဖြစ်ပါတယ်။

ဒီအတွက် ပိုးဟပ်ရဲ့ ကိုယ်ပိုင် အသိဥာဏ်ကိုလည်း မပျောက်ပျက်သွားစေ
ပါဘူး။ ဥပမာ- အခြားတိုက်ခိုက်လာတဲ့ အင်းဆက်ပိုးမွားတွေရဲ့ အန္တရာယ်ကိုလည်း သူ့ဘာဝအတိုင်း ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ငယ်တစ်ခုတည်ဆောက်မဲ့ တန်ဖိုးနဲ့စာရင် ပိုးဟပ်မှာ Chip နဲ့ မိုက်ခရိုကွန်ထရိုလာ တပ်ဆင်ဖို့က အဆပေါင်း ရာဂဏန်းမက သက်သာ
ပါတယ်။ ဒါကြောင့် အမေရိကန်တို့ တကယ်ပဲ ပိုးဟပ်ကွန်မန်ဒို တပ်ဖွဲ့ကို တည်ဆောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတော့မှာ ဖြစ်
တယ်လို့ သိရပါတယ်။

လူတော်တော်များများ ပိုးဟပ်တွေ့ ရင် ဖိနပ်နဲ့ တပ်နင်းဖို့ ကြိုးစားနေချိန်မှာ အမေရိကန်တို့ကတော့ ပိုးဟပ် တပ်ဖွဲ့ တည်ထောင်နေတယ်ဆိုတော့ US ရဲ့  Research ဟာ သတ္တဝါ၊ အင်းဆက် မပြုန်းတီးရေး စီမံကိန်းတစ်ခုပါပဲလား လို့ နိုင်ငံတကာမှ မုဒိတာပွားရတော့မှာ ဖြစ်ပါတယ်။
----
Ref:DM
ColayOnline:Automobile


ဒီနေရာမှ ကူးယူမျှဝေပါသည်။

မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်

မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်


Tuesday, May 28, 2013

အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခု
မှာပေါ့။

အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ ရှိမနေစေပါဘူး။ ဒါကို မယုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။

ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းက
လည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး မှန်ကွဲရင် အလကားယူ ပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။


Ref: compfreak
Aung Kham (TSJ team)
TechSpace Journal


ဒီနေရာမှ ကူးယူမျှဝေပါသည်။