Tuesday, March 26, 2013
ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး
ဆွစ်ဇာလန်လူမျိုး
ြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ
မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစား
ြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။
အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင်
အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ်
ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ
သိန်းချီတန်ဖိုးရှိသည့် အဆိုပါမြွေမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး
၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင်
ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင်
အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပါမြွေကြီးကို
မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူက မြွေကြီးမှာအစာစားပြီးခါစဖြစ်၍
ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။http://satekuupuyar.blogspot.com/2012/11/blog-post_4257.htmlမှကူးယူပါသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment